မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (​ဟိုခန့်) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူး​ကြီး သိန်း​ဇော်မိုးနှင့် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A) အဆင့်ဖြင့် အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိ သော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆) နှစ်မြောက် လွတ်လပ်ရေး​နေ့ အားကစား​ပြိုင်ပွဲများတွင် ဆုရရှိ​သော ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူး​ကြီး သိန်းဇော်မိုး၊ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်း များအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.မ.က (ဟိုခန့်)မှ ကျောင်းအုပ်ဆရာမ​ကြီး ဒေါ်ဟေမာထွန်းမှ ကျောင်းအတွက် အဖက်ဖက်မှ ကူညီပံပိုးပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)