လွိုင်လင် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် ရဟန်းသံဃာတော်များ၊ သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အဆိုပါဆေးရုံ အရေးပေါ်နှင့်ပြင်ပလူနာဆောင်တွင်ယနေ့ နံနက်ပိုင်းကဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကံစောလှိုင်၊ မြို့နယ်ဥက္ကဋ္ဌဦးသိန်းထွဋ်တို့က ကြည်ရှုအားပေးပြီး ဆရာတော်သံဃာတော်များအား ကျန်းမာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားပါသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ နိုင်ငံတော်ဩဝါဒစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ လွိုင်လင်မြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ သီလရှင်ဆရာကြီးများအား မေတ္တာဖြင့် အခမဲ့ (Medical Check Up) စစ်ဆေးဆောင်ရွက်ပေးခြင်းကို ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်မို့မို့နှင့်ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)