ချမ်းအေးသာစံ ဇန်နဝါရီ ၉
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်စိုးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ပညာရေးနှင့်ဘက်စုံထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်၍ ကျောင်းသား/ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်သည်။
ယင်းအခမ်းအနားသို့ မဟာအောင်မြေခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ ခေတ္တမြို့နယ်ပညာရေးမှူး ဦးသူရိန်စိုး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်