ပြင်ဦးလွင် ဇန်နဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၄) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းမှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း၊ မြို့နယ်မီးသတ်ဦးစီးမှုး ဦးစီးအရာရှိ ဦးမိုးဆွေနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄)ကို (၈-၁-၂၀၂၄) မှ (၂-၂-၂၀၂၄) ရက်နေ့အထိ အချိန်တစ်လနီးပါး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)