သာစည်မြို့ အ.ထ.က (၁) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

သာစည် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးလှထွန်းက အမှာစကားပြောကြားရာ၌ ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က(၁)မှ ကျောင်းသား/သူလေးများကကြိုဆိုပါသည် စုံညီပွဲတော် သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး Grade-6 မှ ကျောင်းသူလေးများက မျော်လင့်နေတုန်း ပျိုဖုန်းလှမ်းခဲ့ပါ သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ အ.ထ.က(၁) ကျောင်းအုပ်ဒေါ်ရီရီဝင်းနှင့် တက်ရောက်လာသည့် ကျောင်းအုပ်များက တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့် ကာယဉာဏ ပြိုင်ပွဲများတွင်ထူးချွန်ခဲ့သည့် ကျောင်းသား/သူများကို ဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုငွေနှင့် အလှူရှင်တစ်ဦးမှကျောင်းအတွက် လှူဒါန်းသောငွေများကို ကျောင်းအုပ်ဆရာမကြီးကလက်ခံသည်။ ထို့နောက်ထက်လယ်မူ ကျောင်းသား/သူလေးများက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

စုံညီပွဲတော်သို့ ဌာနဆိုင်ရာများ၊ ဆရာ/မများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ  တက်ရောက်ခဲ့ကြပြီး စုံညီဈေးပွဲတော်ကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)