လွိုင်လင် ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ရှမ်းယူနိုက်တက်ဘောလုံးအသင်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံဘောလုံးပညာ (၁/၂၀၂၄)ကို သင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လွိုင်လင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက သင်တန်းဖွင့်လှစ်ပေးရခြင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသား/သူများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြပြီးနောက် အခြေခံပညာကျောင်းများမှ မြန်မာ့သိုင်းသရုပ်ပြသခြင်း၊ အေရိုးဗစ်အဖွဲ့များမှ သရုပ်ပြသခြင်းများ ပြသကြပါသည်။ ဆက်လက်၍ ရှမ်းယူနိုက်တက်ဘောလုံးအသင်းမှ နည်းပြချူပ် ဦးဟန်ဝင်းအောင်နှင့် အားကစားသမားများက သင်တန်းများကို လက်တွေ့ စတင်သင်ကြားပေးခဲ့ကြသည်။
အဆိုပါ ဘောလုံးသင်တန်းသို့ လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၅၀ ဦး တက်ရောက်ကြပြီး သင်တန်းကို ယနေ့မှ ဇန်နဝါရီလ ၁၈ ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)