တံတားဦးမြို့နယ် သူငယ်တော်အခြေခံပညာအထက်အတန်းကျောင်း(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အားကစားပြိုင်ပွဲများကျင်းပ

တံတားဦး ဇန်နဝါရီ ၈

တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွွဲ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းကအမှာစကားပြောကြားရာတွင် ပညာရေး စုံညီပွဲတော်ကို ယခင်နှစ်များနည်းတူ ပျော်ပွဲ၊ ရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်သည့် ကျောင်းသား/သူများ၊ ပညာရည်ထူးချွန်သည့် ကျောင်းသား/သူများကို ဆုများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများချီးမြှင့်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက်အခမ်း အနားသို့ တက်ရောက်လာကြသည့် ဆရာ/မများ၊ ကျောင်းသားမိဘများ၊ ကျောင်းကျိုးတော်ဆောင် ကော်မတီများက သက်ဆိုင်ကဏ္ဍအလိုက် လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ဉာဏပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူ ပေါင်း(၄၅)ဦးနှင့် ကာယပညာပြိုင်ပွဲများတွင် ဆုရကျောင်းသား/သူပေါင်း(၄၅)ဦးကျော်တို့အား ဆုများအသီးသီးပေးအပ်မည် ဖြစ် ကြောင်းနှင့် စုံညီပွဲတော်တွင် သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများမှလည်း အကများဖြင့် ဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ရဲတင့်( ပြန်/ဆက်)