ရန်ကုန် ဇန်နဝါရီ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့် မြို့နယ်ရုံး၊ မြို့ရုံးတို့၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လုပ်ငန်းဆောင်ရွက်ရာတွင် စာကြည့်တိုက်လုပ်ငန်းများ၊ စေတနာထားဆောင်ရွက်ရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိရေး၊ အမြဲမပြတ်လေ့ကျင့်ဆောင်ရွက်သွားရေး၊ စာငှားစနစ်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ စနစ်တကျရှိရေး၊ ကွင်းဆင်းဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရေးသွားရေး၊ မိမိဦးစီးဌာန၏ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်စွာ ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများက မိမိတို့မြို့နယ်တွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဥ်း၍ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊သုံး ခွ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များနှင့် တံတားမြို့ရုံးတို့မှ ဦးစီးအရာရှိများ၊ ဒုတိယဦးစီးမှူးများ၊ စာကြည့်တိုက်တွဲဘက်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)