ပျဉ်းမနား ဇန်နဝါရီ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။
"ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွာနာ၊ လျှာနာရောဂါဟာ ကျွဲ၊ နွားတွေမှာ ရာသီမရွေးဖြစ်ပွားလေ့ရှိတဲ့အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေတဲ့အတွက် မြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွားများကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဇီးဖြူပင်ကျေးရွာအတွင်းရှိ ကျွဲ၊ နွား စုစုပေါင်း ၄၀၅ ကောင်အား ခွာနာ၊ လျှာနာရောဂါကာကွယဆေးများ ထိုးနှံပေးခဲ့ကြောင်း" မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(မြို့နယ်ပြန်/ဆက်)