ကျိုင်းတုံ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းဇင်းကျေးရွာအုပ်စု၊ တော့အန်းတစ်ကျေးရွာတွင် ပြုလုပ်သည်။
ဖွင့်ပွဲတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသိန်းတန်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးသူထိုက်က သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား (၅၀) ဦး တက်ရောက်ပြီးကို သင်တန်းကာလမှာ ဇန်နဝါရီလ ၈ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)