ကျောက်ဆည် ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်သား/ကျောင်းသူ ဗလငါးတန်ဖွံ့ဖြိုးရေး၊ ကျန်းမာသန်စွမ်းပြီး ကျောင်းနေပျော်၍ ပညာတော်သော လူငယ်များဖြစ်ရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးများ အသိပညာပေးဟောပြော ခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ချိုချို မြို့နယ်စာရေးဆရာ အသင်းဝင် သီတဂူ(ကျောက်ဆည်)က မူးယစ်ဆေးဝါးအစဆေးလိပ်ကဆိုသည့်အတိုင်း လူငယ်များဆေးလိပ်မသောက်ကြရေး၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက စိတ်ဓာတ်ကျခြင့်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထုံနာကျင်နာ၊ အကြောသေရောဂါ၊ ဝက်ရူးပြန်ရောဂါများနှင့် ခန္ဓာကိုယ်၌ အနာရောဂါပေါက်ခြင်းများ ဖြစ်တတ်သောကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူဘဝမရောက်ရှိရန်၊ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် မိတ်ဖွဲ့ခြင်းကို ရှောင်ကြည်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းကာကွယ်ပူးပေါင်း ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်မောင်