ငါ့သရောက်မြို့နယ်ရုံး ဝန်ထမ်းများက နယ်လှည့် ကွင်းဆင်း၍ သုတ/ရသ စာအုပ်စုစောင်များ ငှားရမ်း

ငါ့သရောက်မြို့  ဇန်နဝါရီ  ၈

မန္တလေးတိုင်း‌ဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်တိုးတက်လာစေရေး ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့လယ်ယာမြေစာရင်းအင်းဦးစီးဌာနသို့ သွားရောက်ပြီး သုတ/ရသ စာအုပ်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

သုတ/ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့  လာရောက်ငှားရမ်း ဖတ်ရှုနိုင်ခြင်းမရှိသည့်  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့်  စာဖတ်ရှိန်တိုးတက်လာစေရေးကို မျှော်တွေး၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါ့သရောက် (ပြန်/ဆက်)