ဂွ ဇန်နဝါရီ ၈
ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးတွင် (၁၃.၁.၂၀၂၄) နှင့် (၁၄.၁.၂၀၂၄) ရက်နေ့များ၌ အထွေထွေရောဂါကု၊ ပါမောက္ခအထူးကု ဆရာဝန်ကြီးများ အခမဲ့ဆေးကုသမှုပေးသွားမည်ဖြစ်ရာ ဂွမြို့နယ်မှပြည်သူများ ဆေးကုသမှုခံယူလိုပါက ၈.၁.၂၀၂၄ ရက် (တနင်္လာနေ့) နံနက် ၉ နာရီမှစ၍ သံတွဲခရိုင်၊ ပြည်သူ့ဆေးရုံကြီး Reception Counter (ဧည့်ကြိုဌာန)တွင်လည်းကောင်း၊ ဂွမြို့မှပြည်သူများ လာရောက် ပြသလိုပါက သက်ဆိုင်ရာမြို့နယ်ဆေးရုံများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ရောဂါကုသပေးသွားမည့် အထူးကုဆရာဝန်ကြီးများမှာ အထွေထွေရောဂါကု သမားတော်ကြီး ပါမောက္ခ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အသည်းရောဂါ၊ နှလုံးရောဂါ၊ ဦးနှောက်နှင့် အာရုံကြော၊ ဦးနှောက်နှင့်အာရုံကြော(ခွဲစိတ်)၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ ရင်ခေါင်း၊ ဆီးချိုနှင့် ဟော်မုန်းရောဂါ၊ ကလေးဦးနှောက်နှင့် အာရုံကြော၊ အရိုး၊ အကြော၊ အဆစ်၊ မျက်စိ စသည့် ပါမောက္ခ အထူးကုဆရာဝန်ကြီးများက အခမဲ့ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်