ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)၌ (၂၅) ဗုဒ္ဓပူဇနိယပွဲတော်‌အောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဒဂုံမြောက် ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၁၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် တည်ထားကိုးကွယ်မူသော ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီတော်)၏ (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်‌အောင်ပွဲနှင့်  ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါစေတီတော် ရင်ပြင်တွင် ကျင်းပခဲ့သည်။

(၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့ထိအောင်မြင်စွာ ကျင်းပခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ရာ ရှေးဦးစွာ ပြည်ကြီးချမ်းသာစေတီရှိသန္တိသုခဓမ္မာရုံတွင် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့နယ်နှင့် ရပ်ကွက်သာသနာ့နုဂ္ဂဟ အသင်းသားများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များမှ မြို့နယ်ဩဝါဒစရိယဆရာ‌တော်ဘဒ္ဒန္တနေမိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့ဦးစေတီဂေါပကဥက္ကဋ္ဌမှ ဆွမ်းဆန်စိမ်းလောင်း လှူဒါန်းမှုအစုစုအား ဖတ်ကြားလျောက်ထား၍ ရေစက်သွန်းချအမျှ‌ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ်ဌတု သူံးကြိမ်ရွတ်ဆိုပိတ်သိမ်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပခဲ့ရာ  စေတီတော်ရင်ပြင်တစ်လျှောက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပရိဝေဓ(၃)ရပ်သော သာသနာ့ဝန်ထမ်းဆောင်နေကြသည့် ဘုရားအမှူးရှိသော ပင့်သံဃာ(၁၀၉)ပါးတို့အား  ၁၉၅ သိန်း ‌ လေးသောင်းကိုးထောင်တန်ဖိုးရှိ ဆွမ်းဆန်စိမ်းနှင့် ဒါတဗ္ဗဝတ္တုအစုစုတို့ဖြင့် လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ