ညောင်ဦး ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများက "ကြိုဆိုပါသည်စုံညီပွဲတော်" တေးသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ညောင်ဦးမြို့နယ် ပညာရေးမှူး ဦးဖုန်းမောင်မှ ပညာရေးစုံညီပွဲတော် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ပညာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး၊ မြို့နယ်ပညာရေးမှူး ဦးဖုန်းမောင်၊ ညောင်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနှင့်ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ အစရှိသည့် ပညာရေးကဏ္ဍအလိုက် ထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအားလည်းကောင်း၊ အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသူများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသူများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းများတွင် ထူးချွန်စွာဆွေးနွေးနိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်း ဆုရ ကျောင်းများအားလည်းကောင်း၊ သင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့ကြသည့် ဆရာ/ဆရာမများအားလည်းကောင်း ထူးချွန်ဆုများအသီးသီးချီးမြှင့်ပေးပြီး ကျောင်းသား/ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း