ရသေ့တောင် ဇန်န၀ါရီ ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့အတွင်းရှိ စားသောက်ရေးအဆင်မပြေသော မိသားစု၀င်များအား ထမင်းဘူး၊ ပဲနှင့်ဆန်များကို ရသေ့တောင်မြို့နယ်၊ နာရေးကူညီမှုအသင်းနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်အလှူရှင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆရာဝန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းကူညီလှူဒါန်းကြသော ထမင်းဘူး၊ ပဲနှင့်ဆန်ရိက္ခာများကို ယမန်နေ့ညနေပိုင်းက ရသေ့တောင်မြို့ အရှေ့တောင်ရပ်ကွက်နှင့် အရှေ့မြောက်ရပ်ကွက်အားလည်းကောင်း၊ ယနေ့နံနက် ၈ နာရီအချိန်တွင် တောင်ရင်းတန်းရပ်ကွက်နှင့် ချောင်းဝရပ်ကွက်အား စေတီယဂ်ဏဘုန်းတော်ကြီးကျောင်းရှေ့၌လည်းကောင်း မြို့ပေါ်မှ စားရေးသောက်ရေး ခက်ခဲနေသော အိမ်ထောင်စု (၆၅၁) စုကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရသေ့တောင် (ပြန်/ဆက်)