ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

ဒဂုံ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် အ.လ.က(၂) ကျောင်းသား/ သူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက်  ဒဂုံမြို့နယ် လက်ထောက်ပညာရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အ.လ.က(၂) ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်နိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် သင်ပြမှုထူးချွန်သော ဆရာ/ ဆရာမများ၊ မြို့နယ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းဆုရရှိသူများ၊ မြို့နယ်အဆင့် ကျောင်းအဆင့် အားကစားဆုရရှိသူမျာအား ဆုများ‌အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌နောက် ကျောင်းသား/ သူလေးများက အကများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။

ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ မြို့နယ်လက်ထောက်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဆရာ/ ဆရာများ၊ ကျောင်းသား/ သူများ၊ ကျောင်းသားမိဘများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)