ခိုလမ်မြို့တွင် သန့်ရှင်းသာယာလှပစေရန် လုပ်ငန်းများဆောင်ရွက်

ခိုလမ် ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ စည်ပင်သာယာရေးဌာနမှ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ခိုလမ်မြို့၊ စည်ပင်သာယာရေးဌာန၊ မြို့နယ်ခွဲတာဝန်ခံ ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက မြို့ဝင်ဆိုင်ဘုတ်၊ ပြည်သူ့ပန်းခြံအတွင်း အပန်းဖြေနိုင်စေရန် လျှောက်လမ်းဖော်ဆောင်ခြင်း၊ လမ်းဘေး ဝဲ၊ ယာတွင် မိုးတွင်းအခါ ပေါက်ရောက်လျက်ရှိသော ချုံ၊ နွယ်များ၊ မြက်များ ရှင်းလင်းခြင်းနှင့် လမ်းဘေးဝဲယာရှိ အမှိုက်များကောက်၍ မီးရှို့ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)