မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မြောက်ဥက္ကလာပ ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က အသင်းဝင်များ အနေဖြင့်လစဥ် ပထမအပတ်၌ ပြုလုပ်သည် အစည်းအဝေးကို ပုံမှန်တက်ရောက်စေလိုကြောင်း၊  အသိပညာဗဟုသုတရရှိသည့် စာပေများရေးသား၍ စာမူတိုက်များသို့ ပေးပို့စေလိုကြောင်း၊  မြို့နယ် ပြန်/ဆက်မှ ဖွဲ့စည်းထားသည့် မိမိတို့ Book Club အပြင် Women ClubYouth Club များမှ ပြုလုပ်သည် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရှေ့လုပ်ငန်းစဥ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ  ဘဏ္ဍာရေးမှူးက ရန်ပုံငွေရရှိ၊ သုံးစွဲ၊ လက်ကျန်ငွေများကို ရှင်းလင်းပြောကြားခဲ့ပြီး  ယခုလအတွင်း  မြို့နယ်ပြန်/ ဆက်မှ ကျင်းပပြုလုပ်မည့်  စာဖတ်ဝိုင်း၊ Talk Show၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်ရာတွင် မြို့နယ်စာရေးဆရာအသင်းမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်မှ ပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)