လားရှိုးဒေသထွက် စတော်ဘယ်ရီသီးများ သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပြီး ဈေးကောင်းရလျက်ရှိ

လားရှိုး ဇန်နဝါရီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် စိုက်ပျိုးဖြစ်ထွန်းသည့် စတော်ဘယ်ရီသီးများ ဈေးကွက်အတွင်း ရောင်းချနေပြီဖြစ်ပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

စတော်ဘယ်ရီသီးများကို လားရှိုးမြို့တွင် ရပ်ကွက် (၁၀) ရေခြံနှင့် မန်အိုင်ကျေးရွာ၊ ဟူးမွန်ကျေးရွာ၊ မန်နားကျေးရွာတို့တွင် စိုက်ပျိုးဖြစ်ထွန်းပြီး ဈေးကွက်တွင် ရောင်းချကြကြောင်း သိရသည်။

“လားရှိုးမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ စတော်ဘယ်ရီသီးကို တခြားမြို့တွေလောက်အထိတော့ တင်ပို့ရောင်းချတာတော့မရှိဘူး။ ကိုယ့်မြို့မှာရောင်းဖို့အတွက်လောက်ပဲ လုံလောက်မှုရှိတာပါ။” ဟု စတော်ဘယ်ရီ စိုက်ပျိုးသူတစ်ဦးကဆိုသည်။

လားရှိုးမြို့တွင် စတော်ဘယ်ရီတစ်ခြင်းလျှင် ခုနှစ်ထောင်ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )