ဗန်းမော်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်အလိုက် ဆွေးနွေးပို့ချနေသည့် နေရာများသို့ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည် တက်ရောက်အားပေးဆွေးနွေး

ဗန်းမော် ဇန်နဝါရီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ် အလိုက် ဆွေးနွေးပို့ချနေသည့် နေရာများသို့  ယနေ့ နံနက် ၉ နာရီမှစတင်၍ ဗန်းမော်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နေသွယ်ကြည်နှင့် ဒုတိယပါမောက္ခချုပ်များက တက်ရောက်အားပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပို့ချခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင်  ဗန်းမော်မြို့နယ်ရှိ   တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်ကျောင်းသား/သူများ ဘာသာရပ် များကို ပိုင်နိုင်စွာ ဖြေဆိုနိုင်စေရန်အတွက် ဗန်းမော် တက္ကသိုလ်မှ ဘာသာရပ်အလိုက်  ပါမောက္ခ(ဌာနမှူး) (မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း) ဆရာကြီး၊ ဆရာမများ(၁၆)ဦးက  ဘာသာရပ်အလိုက် ဆွေးနွေးပို့ချပြီး ဗန်းမော်မြို့ အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄)၊ အ.ထ.က(၁)၊ အ.ထ.က(၅)၊ အ.ထ.က (၆) တို့တွင် အုပ်စုအလိုက် (၆)နေရာခွဲ၍ လေ့လာသူ ဆရာ/ဆရာမ(၅၇)ဦး၊ ဗန်းမော် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ Grade-12 ကျောင်းသား၊ ကျောင်းသူ(၉၄၇)ဦး တက်ရောက်၍ အပြန်အလှန်ဆွေးနွေး ပို့ချခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းနှင့်  ဇန်နဝါရီလ ရက်နေ့မှ ရက်နေ့အထိ (၂)ရက်ကြာ ဆွေးနွေးပို့ချ သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)