ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောက်တလုံးကြီးမြို့တွင် စဉ်ဆက်ပညာရေးသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

ကျောက်တလုံးကြီး ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စဉ်ဆက်ပညာရေးသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အခြေအနေများကို ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီးတို့က ယမန်နေ့ နံနက် ၉ နာရီက လာရောက်ကြည့်ရှုအားပေးကြသည်။

စဉ်ဆက်ပညာရေးသင်တန်းကို ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နောင်ခဲအခြေခံပညာ အထက်တန်းကျောင်းတို့ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသခံပြည်သူများသင်တန်းသို့ တက်ရောက်သင်ယူနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးပြီး သင်တန်းသားများအတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးမှ အခြေခံပညာအထက်တန်းကျောင်းများမှ တာဝန်ရှိသူများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောက်တလုံးကြီး မြို့အတွင်းရှိ ဒေသခံသင်တန်းသူ၊ သင်တန်းသား (၁၄၁)ဦး တက်ရောက်သင်ကြားလျက်ရှိ ကြောင်း သိရသည်။

ဇော်နိုင်လင်း