ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ဟိုမိန်း ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား မီးသတ်ဦးစီးဌာနခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နယ်စပ်မြို့ဖြစ်သည့် ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြ သော ဌာနဆိုင်ရာများအား အခက်အခဲရှိက တင်ပြရန် ၊ မြို့မိမြို့ဖအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအား ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ မြို့တာဝန်ရှိသူများမှ  အားပေးဆောင်ရွက်ကြရန်၊ ဌာန၏ လိုအပ်ချက်ကိုလည်းတင်ပြရန်၊ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြရန်၊ ဌာနဆိုင်ရာများအနေဖြင့် ဌာန၏လုပ်ငန်းအလိုက် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ပြီး အောင်မြင်အောင်ဆောင်ရွက်ကြရန် လမ်းညွှန်အမှာ စကားပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်က နယ်မြေဒေသအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဟိုမိန်းမြို့ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများက အသီးသီး တင်ပြဆွေးနွေးရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက လိုအပ်သည်များမှာကြားပြီး ဟိုမိန်းမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများအား အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ မြို့အုပ်ချုပ်ရေးမှူးဦးသူရအောင်၊ နယ်မြေရဲတပ်ဖွဲ့စခန်း ၊ စခန်းမှူးဦးမင်းမင်းထိုက်၊ တိုက်နယ် ပြည်သူ့ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာစိုင်းခေးရွက်နှင့်ပညာရေးဌာနမှ ဆရာမဒေါ်ဇင်မာအောင်တို့က လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသော မြို့အဆင့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)