ဆီဆိုင်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲ ကျင်းပ

ဆီဆိုင် ဇန်နဝါရီ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲကို ယနေ့ နံနက် နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ ယုဇနခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ Grade- 11 ကျောင်းသား/ကျောင်းသူများကစုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးချစ်ရဲက အမှာစကား ပြောကြားပြီးနောက် ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကာယ၊ ဉာဏထူးချွန်ဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး Grade- 11 ကျောင်းသား/ကျောင်းသူများက “အောင်စေပိုင်စေ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)