မိုင်းဖြတ်မြို့နယ်၌ (၂၃)ကြိမ်မြောက် တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ လစဉ်တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိရာ  (၂၃) ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယမန်​နေ့ နံနက်ပိုင်းက ဝမ်လုံ​ကျေးရွာ ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝမ်လုံးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကန္တပညာထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။ ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်လင်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက တစ်ဆုပ်ဆန် (၂၄)ပြည်ပါ ၇ အိတ်၊ စားဆီ (၁၀)ပိဿာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။  ထို့​နောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းသုံးတော်မူသော သံဃာတော်အရှင်သူမြတ်များ  ဆွမ်းအခက်အခဲမရှိစေရေးအတွက် တစ်လလျှင်တစ်ကြိမ် အလှည့်ကျဘုန်းတော်ကြီးကျောင်းများသို့  လှူဒါန်းခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကို ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း  သိရသည်။

​မြို့နယ်(ပြန်/ဆက်)