ငါန်းဇွန်မြို့၌ ပုညပါရမီဆွမ်းလောင်းအသင်းမှ (၄၀)ကြိမ်မြောက် မဟာစာရေးတံမဲ လောင်းလှူပူဇော်ပွဲအခမ်းအနားကျင်းပ

ငါန်းဇွန် ဇန်နဝါရီ ၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ပုညပါရမီဆွန်းလောင်းအသင်းမှ နှစ်စဉ်ကျင်းပလျက်ရှိသော မဟာစာရေးတံမဲ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က (၄၀)ကြိမ် မြောက် မဟာစာရေးတံမဲ လောင်းလှူပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မဟာစာရေးတံမဲ လောင်းလှူပွဲ အခမ်းအနားတွင် ပုညပါရမီဆွန်းလောင်းအသင်းမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ ပြည်သူများ လှူဒါန်းကြသော လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့ပေါ် ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်းမှ သံဃာတော် (၁၇၉)ပါးနှင့် သီလရှင် (၂၆)ပါး တို့အား မဟာစာရေးတံမဲလောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် သီတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသံကိစ္စထံ သီလခံယူဆောက်တည်ကြပြီး ဩဝါဒခံယူကာ ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ ကြောင်း သိရသည်။             

သက်နောင်ဦး(ငါန်းဇွန်)