စဉ့်ကိုင် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအတွင်းရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ကဆက်လက်ကျင်းပလျက်ရှိသည်။
ရှေးဦးစွာ အခမ်းအနားကို မြန်မာ့ဆိုင်းဝိုင်းတူရိယာအဖွဲ့က "အမျိုးသားသီချင်း" ဖြင့် တီးမှုတ်ဖွင့်လှစ်ခဲ့ပြီး ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ပညာရေးအဖွဲ့မှ ထောက်ခံချက်ပေးပြီးသော ဘွဲ့များကိုအပ်နှင်းကာ ဘွဲ့ရကျောင်းသား/ကျောင်းသူများက နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှုများ၌ တက္ကသိုလ်ကျောင်းထွက်များနှင့် သင့်လျော်ထိုက်တန်စွာ ပြုမူပြောဆိုခြင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုကို အခွင့်အရေးအစွမ်းသတ္တိရှိသမျှ ထိန်းသိမ်းဆောင်ရွက်ရန်၊ လူနှင့်လူအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းသာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းသတ္တိရှိသမျှ ဆောင်ရွက်ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို ကတိသစ္စာပြုခဲ့ကြ သည်။
ထို့နောက် ဘွဲ့နှင်းသဘင်ပေးအပ်ပွဲကို ဆက်လက်ကျင်းပရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဓာတုဗေဒ၊ သတ္တဗေဒ ဘာသာရပ်ဆိုင်ရာ မဟာသိပ္ပံဘွဲ့ သိပ္ပံဂုဏ်ထူးဘွဲ့ သိပ္ပံဘွဲ့ရရှိသူ (၁၂၀၀) ဦးနှင့် အဝေးရောက်ဘွဲ့ရရှိသူ အဝေးရောက်ဘွဲ့ယူသူ (၅၅)ဦးတို့အား ဘွဲ့များအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ကချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲ့ရေး အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ မိဘများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)