ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသောဆန်အိတ်များအား ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း

မောင်တော ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့တာဝန်ရှိသူများသည် ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆန်အိတ်များကို မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများသို့ ဇန်နဝါရီလ ၂ ရက်နေ့၊ နေ့လယ် ၁ နာရီက သွားရောက်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်မောင်ကြီး၊ သာသနာရေးမှခရိုင်ဦးစီးမှူး ဦးကျော်ဇင်ဦးတို့ကမြို့ပေါ်ရှိ ဘုန်းတော်ကြီးစာသင်တိုက် တစ်တိုက်လျှင် ၂၄ ပြည်ပါ ဆန်အိတ် သုံးအိတ်၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းလျှင် ၂၄ ပြည်ပါ ဆန်အိတ် တစ်အိတ်နှုန်းဖြင့် စာသင်တိုက် တစ်တိုက်နှင့် ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းတို့အတွက် စုစုပေါင်း ဆန်အိတ် ၁၇ အိတ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်