မိတ္ထီလာ ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဝန်ဇင်းရပ်ကွက်ရှိ ပဌမကျော် ဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲတွင် မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က တေးသံရှင်၊ စာရေးဆရာမ မေကျော့ရှင်း၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားခဲ့သည်။ ၎င်းနောက် တေးသံရှင်၊ စာရေးဆရာမ မေကျော့ရှင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြည်ထောင်စုနေ့ ဒို့မမေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ယင်းနောက် တေးသံရှင်၊ စာရေးဆရာမ မေကျော့ရှင်းနှင့် ကျောင်းသား၊ ကျောင်းသူများက တေးသံရှင်၊ စာရေးဆရာမ မေကျော့ရှင်း သီဆိုထားသည့် မင်္ဂလာပါဆရာမသီချင်းကို သီဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာပေဟောပြောပွဲကို ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်နှင့် အဖွဲ့ဝင်များ၊ ငြိမ်းအေးဝေစည် အသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)