မိုင်းခတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပွင့်လင်းရာသီ၌ မီးလန့်မှု၊ မီးလောင်မှုများ မရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ် ကင်းရှင်းရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေး ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အေးထွန်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးအားဝေနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်နှင့် အဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကင်းရှင်းရေး ရှောင်ရှားရမည့် နည်းလမ်းများနှင့် မီးဘေးအန္တရာယ် ကျရောက်ပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းအချက်များကို အသိပညာပေး ပြောကြားပြီး ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူဈေးသားများက မီးဘေးအန္တရာယ် ကင်းရှင်းရေး ဇာတ်တိုက်လေ့ကျင့်မှုကို ပူးပေါင်းသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)