မိုင်းယောင်း ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု၊ ရှေခင်ကျေးရွာ၌ ကြိုးတံတားတည်ဆောက်ပြီးစီးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့်ဆောင်ရွက်သည့် အဆိုပါ ကြိုးတံတား တည်ဆောက်ပြီးစီးခဲ့ခြင်းကြောင့် ရှေခင်ကျေးရွာ၊ နမ့်ကစ်ကျေးရွာနှင့် နမ့်အန်ကျေးရွာတို့မှ ဒေသခံပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)