လားရှိုးဒေသထွက် ပျားလိမ္မော်သီးများ သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်

လားရှိုး ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း ထွက်ရှိသည့် ပျားလိမ္မော်သီးများ သစ်သီးဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် ပျားလိမ္မော်သီးများကို နောင်မွန်ကျေးရွာ၊ စဉ့်အင်ကျေးရွာတို့တွင် အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။

အဆိုပါ ဒေသထွက် ပျားလိမ္မော်များကို ယခင်က မူဆယ်၊ လောက်ကိုင်၊ လားရှိုးနှင့် မြန်မာနိုင်ငံ အတွင်းရှိ အနယ်နယ် အရပ်ရပ်သို့ တင်ပို့ရောင်းချကြသော်လည်း  ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့်  လားရှိုးမြို့သို့သာ အဓိက တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“အရင်နှစ်တွေတုန်းကတော့ မြန်မာနိုင်ငံအနှံ့ တင်ပို့ရောင်းချတာပေါ့။ ဒီတစ်နှစ်တော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လားရှိုးမြို့မှာပဲ ရောင်းချရတာများပါတယ်” ဟု သစ်သီးရောင်းချသူတစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင် ပျားလိမ္မော်သီးဆယ်လုံးလျှင်  ခုနှစ်ထောင်ကျပ်ဈေးဖြင့် ရောင်းချကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး )