ညောင်ဦး ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) ပန်းမျိုးတစ်ရာခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 ၊ Grade-9 ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ညောင်ဦးခရိုင်ပညာရေးမှူးရုံး စီမံကိန်းများကြီးကြပ်အကဲဖြတ်အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားပြီး ညောင်ဦးမြို့နယ် ပညာရေးမှူး ဦးဖုန်းမောင်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 ၊ Grade-9 ဆိုင်ရာအလုပ်ရုံဆွေး နွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း