ခရမ်း ဇန်နဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲ ကအဖွင့်အမှာစကား ပြောကြား ပြီးမြို့နယ်ပညာရေးမှူး ဒေါ်အေးသစ် က အခမ်းအနားကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ တိုင်း/ခရိုင်ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသူများ၊ လူရည်ချွန်ပြိုင်ပွဲ၊ စွမ်းရည်ပြိုင်ပွဲ၊ ဗုဒ္ဓဘာသာယဥ်ကျေးမှု မင်္ဂလသုတ်ရေးဖြေပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာင်ရဲနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်၊ ဘတ်စုံပညာကိုရည် တို့လှမ်းချီ၊ တေးသံစုံညီ ပျိုမဒီအက၊ မင်္ဂလာပါ တေးသီချင်းသရုပ် ဖော်အက၊ အကဲလေး တေးသီချင်းသရုပ်ဖော်အကနှင့် ပြည်မြန်မာသီချင်း များဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာင်ရဲနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကိုမင်း (ခရမ်း)