မိုင်းခုတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုး၊ အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်) မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် အမှတ် (၁) ရပ်ကွက် (ဝမ်ကတ်) အုပ်ချုပ်ရေးမှူး ဦးစိုင်းရွက်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A) အဆင့်ဖြင့် အောင်မြင်သော စတုတ္ထတန်းမှ KG တန်းအထိ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစား ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး၊အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)