မချမ်းဘော ဇန်နဝါရီ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး (Book Club)အသင်းဝင် ဦးခွန်းနော်က စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသော အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါ လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသင်းဝင်ဦးယော်စတိန်က ပညာတတ်ဖို့စာဖတ်ရမယ် ခေါင်းစဥ်ဖြင့်လည်းကောင်း ၊ အသင်းဝင်ဒေါ်အိန်နူးက ကိုယ်စွမ်းကိုယ်စခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသင်းဝင်ဦးမိုးသူကျော်ကဆယ်စောင်တွဲနှင့် ဘုန်းဘုန်းတာ့တာခေါင်းစဥ်ဖြင့်လည်းကောင်း၊ အသင်းဝင်ဒေါ်ခေါန်မိုင်ဆန်းက ကံရာဇာငယ်၏အလှူမဏ္ဍပ်ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးကြပြီး အသင်းဝင်များက ဆွေးနွေးချက်များအပေါ် ၄င်းတို့၏ အတွေးအမြင်များကိုလည်း ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းများ၊ ပြပွဲပြိုင်ပွဲများ၊ ဟောပြောပွဲများကို အစဥ်သဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)