လဲချားတွင် လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လဲချား ဇန်နဝါရီ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြစေရန်ရည်ရွယ်၍ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်လမ်းဉီးစီးဌာနနှင့်မြို့နယ်ရဲတပ်ဖွဲတို့ ပူးပေါင်းအဖွဲ့သည် ယာဉ်မောင်းများအား လမ်းမကြီးတွင် လိုက်နာရမည့် စည်းကမ်းများ၊ အချက်များအား အသိပညာပေးပြောကြားပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန်ဝေခြင်းကို မြို့မစျေးရှေ့၊ လဲချား-မိုင်းနောင်၊ လဲချား-ပင်လုံသွား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လဲချား (ပြန်/ဆက်)