၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိုင်းရှူး ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က (မိုင်းရှူး)၊ ခရေဆောင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မိုင်းရှူးခရိုင်၊ ခရိုင်ပညာရေးမှူး ဦးအေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမ (၉) ဦး တို့က ဘာသာရပ်အလိုက် ဆွေးနွေးပို့ချသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့မိုင်းရှူး ခရိုင်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းအုပ်ကြီးများနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ စုစုပေါင်း (၅၃) ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအား နံနက် (၉) မှ ညနေ (၂) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)