မှော်ဘီမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မှော်ဘီ ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၃)မှ (၃/၂၀၂၃)ထိ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးနှင့် မှော်ဘီခရိုင် ပညာရေးမှူး ဦးအေးလွင်တို့မှ အမှာစကားအသီးသီးပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီးမျိုးမြင့်ထွန်းက ရှေးဦးပြုစုခြင်းသင်တန်းများအား လှူဒါန်းရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်စိုးမင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ကာ သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များပေးခဲ့ပြီး သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဝင်းဇော်