ပင်လုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာဦးစီးဌာန သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းမှုဆိုင်ရာနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်(၁)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းသူဇာ မှအဖွင့်အမှာစကားပြောကြားပြီး၊ လွိုင်လင်ခရိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်မိုးမှ မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်အိမြတ်နိုးသူမှ လူငယ်နှင့်စာဖတ်ခြင်းအတတ်ပညာခေါင်းစဥ်ဖြင့် ဟောပြောခြင်း ၊မြို့နယ်မီးသတ်ဦးစီးမှူးဦးရဲအောင်မှ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ဟောပြောခြင်း၊ ပင်လုံနယ်မြေစခန်းမှူးဦးတင်မိုးလှိုင်မှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်းများကို အသီးသီးဟောပြောကြ၍၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိူးဆောင်ကော်မတီများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့်က ခင်းကျင်းပြသထားသော ပတ်ဝန်းကျင်ကောင်းဖန်တီးစို့ နံရံကပ်စာစောင်၊၂၀၂၃-၂၀၂၄ပညာသင်နှစ် မြို့နယ်/ခရိုင်အဆင့် ပြိုင်ပွဲဝင်များတွင် ပါဝင်ယှဥ်ပြိုင်လှုပ်ရှားမှုမှတ်တမ်းများ၊ ကျောင်းတွင်းလှုပ်ရှားမှု နံရံကပ်မှတ်တမ်းများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပင်လုံနယ်မြေစခန်းမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)