ဥတ္တရသီရိမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ဥတ္တရသီရိ ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ ကွက်ပြည့် အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတွင် ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာတင်ထွန်းနှင့် ဝန်ထမ်းများ၊ အခြေခံတိရစ္ဆာန်ကျန်းမာရေး လုပ်သားများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ သွားရောက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဇလောင်းကျေးရွာသို့ ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ သွားရောက်ထိုးနှံပေးခဲ့ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ ထိုးနှံလိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ချိတ်ဆက်ကာ စာရင်းပေးသွင်း ထိုးနှံနိုင်ကြောင်း ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)