ကျေးသီးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ ကျင်းပ

ကျေးသီး ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက်(၁၂)လမှ အသက်(၁၈)လကြား ကလေးပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က မိခင်နှင့်ကလေးဌာနတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ကျေးသီးမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁၂)လအတွင်းရှိ ကလေးငယ်များ၊ အသက်(၁)နှစ်မှ အသက်(၁နှစ်၆လ)နှစ်အတွင်း ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြရာ ကျေးသီးမြို့နယ် ကုသရေးဦးစီးဌာနမှူးဒေါက်တာမောင်မောင်မြတ်ဗိုလ်သူနှင့် ကျန်းမာရေးဝန်ထမ်းများက ပြိုင်ပွဲဝင်ကလေးငယ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ အရပ်တိုင်းတာပေးခြင်းများနှင့်လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။

ထို့နောက် ကလေးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌဒေါ်မေဇင်ဖြိုးက ဆုရွေးချယ်မှုနှင့်ကလေးများအတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးလူလှ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌဒေါ်မေဇင်ဖြိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်းနှင့် အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စည်သူ(ပြန်/ဆက်)