တောင်ဥက္ကလာပမြို့နယ်တွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂/၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ၂၀၂၃/၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

တောင်ဥက္ကလာပ   ဇန်နဝါရီ  ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင်  ၂၀၂၂/၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားနှင့် ၂၀၂၃/ ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က  တောင်ဥက္ကလာပမြို့နယ်  အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့ပြီး Grade - 6နှင့်  Grade - 9 ကျောင်းသား၊‌ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ဆက်လက်၍ ၂၀၂၂/ ၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိ‌သော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်မှ လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင်များမှ လည်းကောင်း ဆုများအသီးသီး‌ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများမှ မောင်ခေါ်ရာလိုက်မှာလားသီချင်းဖြင့်လည်း‌ကောင်း၊ လက်ပံကောက် သီချင်းဖြင့်လည်းကောင်း၊ ယဉ်တကိုယ်မယ်သီချင်းဖြင့်လည်းကောင်း စသည်ဖြင့် ကပြဖျော်‌ဖြေသည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)