ဗဟန်း ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်ကစ၍ ကျောင်းများ၊ အားကစားကွင်းများရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် စစ်တုရင်ပြိုင်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ အလွတ်တန်းမီတာ (၁၀၀)၊ မီတာ(၄၀၀)၊ မီတာ(၂၀၀၀)ပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အပ်ချည်ထိုး၊ စကောရွက်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံပုံးပစ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂိမ်းပြိုင်ပွဲစသည့် အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့ရာ ဗဟန်းမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင် ကစားကြပြီး ဆုရရှိသူများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်