နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘော်လီဘောဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် 

တပ်ကုန်း ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘော်လီဘောဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံခန်းမတွင် ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်း လာ‌ရောက်ကြည့်ရှု အားပေးခဲ့သည်။

အဆိုပါဗိုလ်လုပွဲတွင် အနော်ရထာရပ်ကွက်အသင်းနှင့် ရွေးစုကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အနော်ရထာရပ်ကွက်အသင်းက ရွေးစုကျေးရွာအသင်းကို သုံးပွဲပြတ်အနိုင်ရရှိခဲ့သည်။ ထို့နောက် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဆုဖလားနှင့် ဆုတံဆိပ်၊ ဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စက်ဘီးပြိုင်ပွဲနှင့် ကျောင်းသားကလေးများ ပြေးပွဲ၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ (MSME)အသင်းဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆုတံဆိပ်နှင့် ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်