ပုဗ္ဗသီရိ ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် အခြေခံပညာကျောင်းများ၏ အားကစားကွင်းများ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။
အဆိုပါ ရပ်ကွက်နှင့် အခြေခံပညာကျောင်းများ၌ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ စသည့် ပြိုင်ပွဲများအား ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)