ဇမ္ဗူသီရိမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ဇမ္ဗူသီရိ ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက ရွှေကြာပင်ကွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက အပြေးပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ သံဗုံးရိုက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ပူစီဖောင်းဖောက်၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ စသည့် ပြိုင်ပွဲများအား ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)