လယ်ဝေးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ ကျင်းပ

လယ်ဝေး ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူလေးများက လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ မီတာ ၁၀၀ အပြေး၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ ခြေပူးအပြေး၊ တာယာကွင်းဂိုးသွင်း၊ မုန့်စားအပြေး၊ ဂေါ်လီလုံးကောက် အပြေး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ စသည့်ပြိုင်ပွဲများအား ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်ဆက်)