မိုင်းဆတ် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစား ပြိုင်ပွဲများကို ယနေ့နံနက် (၈) နာရီက အောင်ဇေယျဘက်စုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိတို့အား အားကစားနည်းအလိုက် ကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ကာ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင် လူငယ်များက မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အပ်နဖားထိုး ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် အလှခတ်ခြင်းလုံး စသည့်ပြိုင်ပွဲများကို ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြပြီး ဆုရရှိသူတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)