ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇) ကျောင်းတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများ ကျင်းပခြင်းနှင့် ဆုရရှိသူများအား ဆုချီးမြှင့် ပွဲကျင်းပ

ပြည်ကြီးတံခွန် ဇန်နဝါရီ   ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က(၂၇)ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအားကစားပြိုင်ပွဲများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်အားပေး ကြပြီးအားကစားပြိုင်ပွဲများအဖြစ် အခြေခံပညာအထက်တန်းအဆင့် ကျောပိုး(ကျား)၅ဦး၊ လက်ဆင့်ကမ်း(ကျား)၅ဦး ကြိုးခုန်(မ) ဦး၊ ဖယောင်းတိုင်မီးထွန်း(မ) ဦး တို့အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး၊ ကျပန်း၊ ကဗျာပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်